Facebook ရဲ့ကွန်မင့်တစ်ခုမှာ "ဒိန်းမတ်ဆိုတော့ နို့ဆီပေါတဲ့နိုင်ငံပေါ့"
လို့ရေးလာတာတွေ့ရဘူးပါတယ်။
သူထင်မယ်ဆိုလည်း ထင်ချင်စရာပါပဲ။ နို့ နဲ့ နို့ထွက်ပစ္စည်း ပေါများတဲ့နိုင်ငံ
ပေကိုး။ သို့ပေမယ့် နို့ဆီတော့မပေါပါဘူး။

နို့ဆီမသုံး
လူဦးရေ ၅သန်း ၇သိန်းကျော်ရှိတဲ့ ဥရောပက
ဒိန်းမတ်နိုင်ငံမှာ အောက်တိုဘာ ၂၀၁၆ စာရင်းအရ နို့စားနွား ၅သိန်း၆သောင်း
ကျော်ရှိပြီး နို့စို့နွား ၁သိန်းနီးပါးရှိကြောင်းသိရပါတယ်။
နွားအရေအတွက်အားလုံးရဲ့ တစ်ဝက်ကျော်ကတော့ စားကျက်မှာလွှတ်မွေးစနစ်

မဟုတ်တော့ပဲ အဆောက်အဦးတင်းကုတ်ကြီးထဲမှာ (new loose-housing systems)
နဲ့မွေးမြူ ထားပါတယ်။
ဥရောပတစ်ခွင်မှာ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အများဆုံးနဲ့ခေတ်အမှီဆုံး
ထုတ်လုပ်တင်ပို့နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
ပြည်တွင်းကဆိုင်တိုင်းမှာလည်း နွားနို့အမျိုးမျိုး၊ ထောပတ်အမျိုးမျိုး၊
နို့ထွက်ပစ္စည်းစားသောက်ကုန်အမျိုးမျိုး၊
Cheese ဒိန်ခဲအမျိုးမျိုး ကို ၀ယ်ယူနိုင်ပါတယ်။
ကျွန်တော်တို့ဆီမှာတော့ ငပိ သူတို့ဆီမှာတော့ ချိ(စ်)ပေါ့။

ဒိန်းမတ်တွေနို့ဆီတော့မသုံးကြပါဘူး။
အများစုကတော့ သကြားမထဲ့နို့မထဲ့တဲ့ ကော်ဖီကြမ်းကြီးကိုပဲ
မက်မက်မောမောသောက်တတ်ကြပါတယ်။
ကျွန်တော်တို့ကတော့ cream နို့မှုန့် နဲ့ ကော်ဖီသောက်ပါတယ်။
ဒိန်းမတ်နိုင်ငံကို ကျွန်တော်စရောက်ကာစ ၂၀၀၅ ခုနှစ်မှာတုန်းကတော့
ဒိန်းမတ်ဆိုင်တွေမှာ နို့ဆီတင်ရောင်းတာမတွေ့ရပါဘူး။
အဲဒီအချိန်တုန်းက နို့ဆီကြိုက်တဲ့ မြန်မာမိတ်ဆွေတစ်ချို့ကတော့
မြို့တော်ကိုပင်ဟေဂင် မှာရှိတဲ့ ကုလားဆိုင်တွေမှာ ရှာဝယ်ကြရပါတယ်။

ဝက်နားရွက်မစား
ဝက်သားရောင်းလို့ ရတဲ့ဝင်ငွေဟာ ဒိန်းမတ်နိုင်ငံရဲ့ အဓိက၀င်ငွေတစ်ရပ်
ဖြစ်နေတာဟာ နှစ်ပေါင်းတစ်ရာမကတော့ကြောင်းသိရပါတယ်။
ဒိန်းမတ်နိုင်ငံရဲ့ ၀က်နဲ့ဝက်သားထုတ်လုပ်ရေးဟာ စနစ်တကျမွေးမြူ မှု၊
အရည်အသွေးပြည့်မှီမှု၊ အသားရဲ့လတ်ဆတ်သန့်ရှင်းမှု နဲ့ ထုတ်ကုန်ရဲ့

မှတ်တမ်းများစေ့စပ်သေချာမှု( traceability)၊ စတဲ့စံချိန် စံညွှန်း
ပြည့်မှီမှု တွေဟာကမ္ဘာပေါ်မှာ ဒိန်းမတ်နိုင်ငံကို အကြီးမားဆုံး

ဝက်သားထုတ်လုပ်တင်ပို့ရောင်းချတဲ့နိုင်ငံအဖြစ်ရပ်တည်စေခဲ့ပါတယ်။
မွေးမြူရေးသမား ၄၂၀၀ ဟာ နှစ်စဉ်ဝက်ကောင်ရေ ၂၈ သန်းကို ထုတ်လုပ်
ပေးနေကြောင်းလည်း သိရပါတယ်။
ပေးနေကြောင်းလည်း သိရပါတယ်။
ကျွန်တော်တို့ရောက်စကတော့ ဒိန်းမတ်တွေကို ပေါင်မုန့်နဲ့ထောပတ် ပဲစား
နေကြပြီး ငါတို့မြန်မာတွေလို လျှာရင်းမြက်မြက်မစားတတ်ကြဘူးဆိုပြီး
သနားစရာထင်နေခဲ့ဘူးပါတယ်။

သူတို့နိုင်ငံမှာနေခဲ့တာလည်း ၁၀နှစ်ကျော် သူတို့နဲ့လည်းရင်းရင်းနှီးနှီးနေကြည့်တဲ့
အခါမှဒိန်းမတ်လူမျိုးတွေလည်း အစားကိုအရသာရှိအောင် သူတို့နည်းသူတို့ဟန်နဲ့
အမျိုးမျိုးလုပ်စားကြတာတွေ့ရပါတော့တယ်။
ငရုတ်သီးစပ်စပ် နဲ့ ငပိတော့ မစားတတ်ကြပါဘူး။

သူတို့အရမ်းကြိုက်ပြီး ပေါင်မုန့်ထဲမှာ ညှပ်စားတဲ့ ၀က်သားလိပ်ပြား
(သူတို့အခေါ် Rulle pøser) လုပ်ပုံကို ပြောပြချင်ပါတယ်။(ပုံစာ)

ဝက်သားလိပ်ပြားပြုလုပ်ပုံ အဆင့်ဆင့်
ဝက်ရဲ့အခေါက်နဲ့အဆီတွဲနေတဲ့ ၀မ်းဗိုက်သား အနံ ၁ပေ၊ အလျှား ၁ပေခွဲလောက်ကို
ဦးစွာရယူရပါတယ်။
အသားပြားပေါ်မှာ ဟင်းခတ်အမွှေးအကြိုင် တွေသိပ်ထည့်ပြီး ကျစ်နေအောင်လိပ်ကာ
ကြိုးနဲ့စည်းပါတယ်။
ပြီးရင် အဲဒီအသားလိပ်ကို ဒယ်ပြားထဲမှာထည့် ရေနည်းနည်းဖြည့် အပေါ်ကဆားဖြူးပြီး
ပေါင်းဖိုထဲမှာ ၂၀၀ဒီဂရီ c နဲ့ ၂နာရီ ကင်ရပါတယ်။
ပြီးတဲ့အခါ ကျက်နေတဲ့အသားလိပ်ကို ထုတ်လို့ သတ္ထု သေတ္တာထဲကိုအားနဲ့ဖိထည့်အဖုံးပိတ်လို့

အအေးခန်းထဲမှာ တစ်ညသိပ်ရပါတယ်။
အအေးခန်းထဲကထုတ်ပြီး သေတ္တာကိုဖွင့်လိုက်တဲ့အခါ အသားထဲကအဆီတွေထွက်လို့
ခဲနေတာတွေကိုဖယ်၊ ကြိုးတွေကို ဖြုတ်ပြီးရင် ၀က်သားလိပ်တုံးကိုရပါပြီ။
ပါးပါးလေးတွေလှီးလိုက်တဲ့အခါမတော့ ၀က်အသားလိပ်ပြားလေးတွေကို
ပေါင်မုန့်ထဲမှာ ညှပ်စားဖို့ အဆင်သင့်ရရှိမှာပဲဖြစ်ပါတယ်။
ဝက်သားလုံး (Frikadeller)
ဒိန်းမတ်လူမျိုးတွေလည်း ကျွန်တော်တို့မြန်မာတွေ ၀က်သားလုံး လုပ်စားသလို
သူတို့ ဖတ်ကတဲလား လို့ခေါ်တဲ့ ၀က်သားလုံးစားလေ့ရှိကြပြီး ကလေးကော၊
လူကြီးတွေပါ ကြိုက်နှစ်သက်စွာ စားကြတာတွေ့ရပါတယ်။
ကျွန်တော်တို့ လုပ်စားလေ့ရှိတဲ့ ၀က်သားလုံးထက်တော့ သူတို့ဟာက ၃၊ ၄ ဆ
ပိုကြီးပါတယ်။

ရောင်းတန်းဝင် ၀က်သားလုံးလုပ်ပုံကတော့ ကျွန်တော်တို့နဲ့ထူးမခြားနားပါ။
နုတ်နုတ်စင်းထားတဲ့အသားပဲဖြစ်ဖြစ်၊ သူရို့အခေါ် Hakker kød ၀က်ကြိတ်သား
ကိုရယူပါတယ်။
ဂျုံ မှုန့်လိုမျိုး သူတို့စပ်ပြီးသား ဖတ်ကတဲလားအမှုန့်နဲ့ဟင်းခတ်အမွှေးအကြိုင်၊
ရေနည်းနည်းစတာတွေနဲ့ရောပြီးနှယ်ရပါတယ်။
အလုံးလုံးပြီး ဆီပူထဲမှာ ခဏကျက်သွားရုံပဲ ကြော်ပါတယ်။
ပြီးရင်တော့ အဲဒီအလုံးတွေကို Oven ထဲမှာ ၂၀၀ ဒီဂရီ စင်တီဂရိတ်နဲ့ မိနစ်
၂၀ ၀န်းကျင်ပေါင်းပြီးတဲ့အခါမတော့ ရောင်းတန်းဝင်ဝက်သားလုံးကိုရပါပြီ။

သူတို့ဆီမှာဝက်သားလုံးပဲဖြစ်ဖြစ်၊ ၀က်သားကင်ပဲဖြစ်ဖြစ် ရောင်းတော့မယ်၊
စားတော့မယ်ဆိုရင် အသားအပူချိန်တိုင်းတဲ့ သာမိုမီတာနဲ့ အလုံးရဲ့အလယ်ကောင်၊

အသားတုံးရဲ့အလယ်ကောင်ကို ထိုးစိုက်ပြီး
အပူချိန် ၇၅ ဒီဂရီစင်တီဂရိတ် အထက်မှာမှရောင်းချရပါတယ်။
ဝက်သားမှာရှိတဲ့ လူကိုဒုက္ခပေးမယ့်များစွာသော ဘက်တီးရီးယားတွေ သေအောင်လို့ပါ။

ဝက်သားလုံးကို အပူချိန် ၈၀ ဒီဂရီစင်တီဂရိတ် အထက်မှာမှရောင်းချရပါတယ်
ဒိန်းမတ်တွေဝက်သားကိုဝက်အူတောင့်အမျိုးမျိုး၊ ၀က်နံရိုးကင်၊
ဝက်ပေါင်ခြောက်၊ ၀က်သားကင် အမျိုးမျိုး လုပ်စားကြတာတွေ့ရပေမယ့်
ကျွန်တော်တို့ကြိုက်တဲ့ ၀က်နားရွက်ကိုတော့ မစားကြပါဘူး။
အမြည်းကောင်းကို သူရို့မို့လက်လွတ်ခံပုံများပြောပါတယ်။

တစ်ခါတစ်ရံမှာတော့ တစ်ချို့ဆိုင်တွေမှာကျွန်တော်တို့အာရှသားတွေ
စားတတ်လို့ဝက်ခေါင်း တင်ရောင်းလေ့ရှိပါတယ်။
ကျွန်တော်တို့ကတော့ ၀က်ခေါင်းများတွေ့ရင် လက်နှေးမနေပါဘူး။

ကြီးမားတဲ့ ၀က်သား Exporter ဒိန်းမတ်နိုင်ငံသားတွေဟာ
ဝက်ခေါင်း၊ ၀က်ခြေထောက်၊ ၀က်ရိုး မစားတတ်ကြတာများပေမယ့်
ပူပင်စရာမလိုအောင် ၀က်ကထွက်တဲ့ ခေါင်း၊ ခြေထောက်၊ အရိုး၊ အမြီးအဆုံး
အားလုံးကို ပေါက်ဖေါ်နိုင်ငံကြီးကအားပေးတယ်လို့သိရပါကြောင်း

ဖတ်မိမှတ်ရာ အတိုအထွာကိုတင်ပြလိုက်ရပါတယ်ခင်ဗျား။
Fb post. Dec, 2016
ကိုးကား Wikipedia pages.
ကိုးကား Wikipedia pages.
No comments:
Post a Comment