ပခုက္ကူ က သူငယ်ချင်း တင့်တင့်စိုး တင်လိုက်တဲ့ သူတို့အိမ်ရှေ့က စေတနာ
ရေချမ်းစင် လေးအကြောင်းဖတ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ စိတ်ကြည်နူး
ပီတိဖြစ်ကြရပါတယ်။
ကမ္ဘာမှာရှားတဲ့ မြန်မာ့စိတ်ရင်း စေတနာရင်းတွေကိုလည်း ဂုဏ်ယူနေမိပါ
တော့တယ်။

ဆက်စပ်လို့ ကျွန်တော်တို့မိသားစုလေးရဲ့ ငှက်စာကျွေးတဲ့အကြောင်းလေးကို
လည်း မိတ်ဆွေ၊ သူငယ်ချင်း များကို ရင်းနှီးစွာ ပြောပြချင်ပါတယ်။

ဥရောပမြောက်ပိုင်း၊ စကင်ဒီနေးဗီးယန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ
မှာ ကျွန်တော်တို့မြန်မာပြည်မှာ ရှိတဲ့ငှက်တွေ တော်တော်များများကို ပြန်တွေ့
ရမှာဘဲဖြစ်ပါတယ်။

အထူးသဖြင့်တော့ စာကလေး၊ ခို၊ ကျီးကန်း နဲ့ ဇရက် (ဇက်ရက်) တို့ပါဘဲ။
ကျီးကန်းကတော့ အအေးဒဏ်ကြောင့် ကျွန်တော်တို့ဆီကကောင်တွေလို
ရဲရဲတောင် မမဲနိုင်တော့ဘဲ မီးခိုးရောင်စွက်ချင်နေပါတော့တယ်။

ဒိန်းမတ်နိုင်ငံက ဈေးဆိုင်တိုင်းလိုလိုမှာ ငှက်စာကိုအလွယ်တကူဝယ်ယူ
လို့ရပါတယ်။ အိတ်ကြီး၊ အိတ်ငယ် ဆိုဒ်စုံရှိသလို ပိုက်ကွန်လေးနဲ့အုပ်ထား
တဲ့ ငှက်စာလုံး လေးတွေလည်း ရှိပါတယ်။
နေကြာစေ့၊ ဖွဲမှုံ စတာတွေနဲ့လုံးထားတာပါ။ သူတို့ အင်မတန်ကြိုက်ပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ့်အိမ်နဲ့ အဆင်ပြေတဲ့ ငှက်စာလုံးလေးတွေကို
မပြတ်ဝယ်ထားရပါတယ်။
အိမ်အပေါ်ထပ် ဧည့်ခန်း ပြတင်းပေါက် အပြင်ဘက်မှာ ချိတ်ဆွဲထားပေး
လိုက် တာပဲဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံးတော့ မကျွေးရပါဘူး။ သူတို့မရှိလို့ပါ။
နွေဦး မတ်လလောက်ကနေ ဆောင်းဦး အောက်တိုဘာလောက်ထိ
၈ လလောက်တော့ကျွေးရပါတယ်။
နွေဆိုပိုကျွေးရပြီး အားလပ်ရက်ခရီးထွက်ရင် သူတို့စိတ်မဆိုးအောင်
ပြတင်းပေါက်တိုင်းမှာ လုံလောက်အောင် ချိတ်ပေးခဲ့ရပါတော့တယ်။

ဆောင်းဝင်ခါနီးလို့ အေးစပြုလာပြီဆိုရင် သူတို့အအေးခိုဖို့ နေရောင်နဲ့အပူ
ရမယ့် တောင်ဘက်ပိုင်းတွေကို ပျံသန်းသွားကြပါပြီ။
အီတလီ၊ စပိန် စတဲ့နိုင်ငံတွေနဲ့ တစ်ချို့ကောင်တွေ အီဂျစ်ထိ သွားပြီး
အအေးခိုလေ့ရှိကြတယ်လို့ သိရပါတယ်။

အခု နွေဦးရောက်ပြီဆိုတော့ သူတို့အိမ်ပြန်လာကြပါပြီ။
ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ ၂ပတ်လောက်ကထဲက စကျွေးရပါပြီ။
ခရီးလွန်နေတဲ့ကောင်တွေ ပြန်မရောက်သေးတော့ အားလုံးတော့မစုံ
သေးပါဘူး။ နွေကျမှဘဲသူတို့ စုံတော့မှာပါ။

ကျွန်တော်တို့ ငှက်စာလုံးကို အထူးအားပေးကြတာတော့ စာကလေးတွေ
ပဲ ဖြစ်ပါတယ်။ ခို နဲ့ ကျီးကန်းလည်း တခါတရံ လာအားပေးပါတယ်။
နွေဆိုရင်တော့ ကျွန်တော်တို့ ဧည့်ခန်းပြတင်းပေါက်မှာ ဒီကောင်စာကလေး
တွေ ဘာသာဘာဝ ကျလိကျလိနဲ့ စကားတွေပွါးရင်း မပြတ်တန်းလာစားနေ
ကြတော့တာပါပဲ။

စာဆော်သြ တစ်ကောင်ပြန်ရောက်မလာသေးဘူးထင်ပါရဲ့။
ဒီကောင်က ကျွန်တော်တို့ ငှက်စာကုန်နေတာ သတိမထားမိလို့ အသစ်ချိတ်
ပေးမထားမိရင် ကျွန်တော်တို့မှမထသေး မှန်ပြတင်းကို သူ့နှုတ်သီးလေးနဲ့
တဒေါက်ဒေါက်ခေါက်လို့ အစာချိတ်ခိုင်းပါတော့တယ်။
(မင်းတို့အလှည့် လုပ်ထားအုန်းပေါ့ကွာ၊
ငယ်ငယ်ကမင်းတို့ကို လေးခွနဲ့ထုပြီး ကင်စားခဲ့တာကိုး)

Ecosystem ကို လေ့လာထားတဲ့သူတွေကတော့ သူတို့ရဲ့
ခရီးရှည်ကြီးတွေကို ပိုမိုသိကြမှာပါပဲ။
ခရီးရှည်ကြီးတွေကို ပိုမိုသိကြမှာပါပဲ။
ငှက်လေးတွေ အားလုံးလည်း ဘေးရန်ကင်းကင်းနဲ့ အိမ်ကိုပြန်လာ
နိုင်ကြစေ။
အဝေးရောက် အိမ်ချစ်သူများလည်း အိမ်ကိုဘေးရန်ကင်းကင်း
ပြန်လာခွင့်ရရှိကြပါစေ။
မတရား အချုပ်အနှောင်ခံထားရသူများလည်း ချောချောမောမော
အိမ်ကိုပြန်လာနိုင်ကြပါစေ။

အမိနိုင်ငံတော်ကြီးမှာလည်း ပြည်သူ့အစိုးရဆင်နွှဲမယ့် မိုးခါးရေဖြတ်ပွဲကြီး
ခြိမ့်ခြိမ့်သည်း ဆင်နွှဲအောင်မြင်နိုင်ပါစေ။

ကျွန်တော်တို့ သားစဉ်မြေးဆက်အတွက် ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့
ပြည်သူ့ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ ကျွန်တော်တို့မသေခင် ပီပီပြင်ပြင် မြင်သွားနိုင်ကြရအာင်
ပြည်သူတစ်ရပ်လုံးကလည်း တစ်တပ်တစ်အား ပါဝင်ကြပါလို့
ဆန္ဒမွန်ပြုလိုက်ရကြောင်းပါခင်ဗျား။
သတ္တ၀ါအပေါင်းဘေးရန်ကင်းလို့ ချမ်းမြေ့ကြစေ...

Fb post. March, 2016.
No comments:
Post a Comment