Thursday, 9 November 2017

Save Forests for our Kids

                      ဒိန်းမတ်နိုင်ငံအနှံအပြားမှာတွေ့ရတဲ့ သစ်တောမြင်ကွင်း(ဆောင်းဦးရာသီ)

"ဒိန်းမတ်မှာ မသိနားမလည်တဲ့သူတွေက တောထဲကသစ်ပင်တွေအရမ်းခုတ်
တာကြောင့် တောပြုန်းခဲ့ဘူးတယ်၊ အဲဒီခေတ်တုန်းကမွေးတဲ့ သူတွေကို
တောမြင်ဘူးချင်ရင် တောင်အမေရိကသွားပြီးအမေဇုန်သစ်တော ကိုသွားကြည့်"

လို့ ပြောစမှတ်ဖြစ်ရလောက်အောင်၊ ဒိန်းမတ်မှာပြစရာ"သစ်တော"မကျန်တော့
လောက်အောင် ဖြစ်ခဲ့ဘူးကြောင်းအသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့
ဒိန်းမတ်လူမျိုး ပင်စင်စားဆရာဝန်ကြီးအိုလာ(Dr. Ole) ကပြောပြပါတယ်။
မဝေးလှသေးတဲ့ရာစု သက်ဦးဆံပိုင်ဘုရင်စနစ်အခါကဖြစ်ပြီး
အသိပညာနည်းပါးပြီး မသိနားမလည်တဲ့လူတွေက
သစ်ပင်တွေကိုလောဘဇောတိုက်မဆင်မခြင်ခုတ်ရောင်းကြ၊
သင်္ဘောတွေတည်ဆောက်ခဲ့ကြလို့ဖြစ်ကြောင်းသိရပါတယ်။
သစ်တောတွေပြုန်းတော့ ရာသီဥတုပိုကြမ်း၊ သီးနှံစိုက်ရတာတွေလည်း
အဆင်မပြေဖြစ်လာတဲ့အခါ King Christian ဘုရင်ကြီးလက်ထက်မှာတော့
သစ်ပင်မခုတ်ရ အမိန့်ကိုတင်းတင်းကျပ်ကျပ်ထုတ်ပြီးတော့
သစ်ပင်ခုတ်ရင် သေဒဏ်ပေးခဲ့ကြောင်းနဲ့
သစ်တောတွေပြန်လည်ပြုစုပျိုးထောင်ခဲ့ကြောင်းပြောပြပါတယ်။
နောင် ဘုရင်တွေလက်ထက်တွေမှာလည်း သစ်တစ်ပင်ခုတ် ၃၊၄ ပင်ရှင်အောင်
ပြန်စိုက်စနစ်တွေနဲ့..သစ်တောတွေပြုစုပျိုးထောင်ခဲ့တာကြောင့်
အခုလက်ရှိအချိန်မှာတော့သစ်တောတွေကြွယ်ဝတဲ့ ဒိန်းမတ်နိုင်ငံဖြစ်နေပါပြီ။
အအေးဒဏ်ကာကွယ်ဖို့ သူတို့တွေအပူငွေ့ရဖို့ အပူငွေ့ဖြန့်ဝေတဲ့
စက်ရုံတွေမှာထင်းကိုအများကြီးသုံးကြရပေမယ့် လိုအပ်တဲ့ထင်းကို
နိုင်ငံခြားကတင်သွင်းပါတယ်။
နိုင်ငံကိုလည်းအသိပညာအခြေခံတည်ဆောက်ခဲ့ပြီမို့
လူတွေကလည်း ထင်းရဖို့ဆိုပြီး အနီးအနားတောထဲသွားလို့
သစ်တစ်ပင်မှမခုတ်ကြပါဘူး။
အခုခေတ်ကသူတွေကို "သစ်တော" မြင်ဘူးချင်ရင် အမေဇုန် ကိုသွားကြည့်လို့
ပြောစရာမလိုအောင် မိမိနေထိုင်ရာမြို့တွေနဲ့အနီးအနားတွေမှာ သစ်တော
တွေကိုတွေ့ရမြင်ရ၊ သွားရောက်လည်ပတ်နိုင်ကြပါပြီ။

                                          မူကြိုကျောင်းသားများရဲ့တောအုပ်လေ့လာရေးခရီး

မူကြိုကျောင်းက ကလေးတွေကို မကြာခဏတောအုပ်တွေထဲအလည်
ခရီးပို့လို့ သဘာဝပတ်ဝန်းကျင်လေ့လာစေသလို..
ဘိုးဘွားရိပ်သာက ဘိုးဘွားတွေကိုလည်း ရာသီဥတုသာယာတဲ့ နေ့တွေမှာ
တောအုပ်တွေထဲ အလည်ပို့ပေးလို့ စိတ်ကိုနုပျိုလန်းဆန်းစေပါတယ်။
ပူးတွဲပါပုံလေးကတော့ ဒိန်းမတ်နိုင်ငံ၊ ဆောင်းဦးရာသီ( Autumn) ရဲ့ အောက်တိုဘာလ၊
တောအုပ်ထဲမှာ အအေးဒဏ်ကြောင့် ကြွေကျတော့မှာမို့သစ်ရွက်တွေအရောင်ပြောင်း
နေတာဖြစ်ပါတယ်။
အပင်တွေကတော့ European beech တွေဖြစ်ပြီး
ဒိန်းမတ်လိုတော့ bøg træ လို့ခေါ်တာသိရကြောင်း
တင်ပြလိုက်ရပါတယ်ခင်ဗျား။

(Fb post. Nov, 2017)
ကိုးကား  Wikipedia pages


No comments:

Post a Comment

အိုစာမင်းစာ မလိုတဲ့နိုင်ငံ (စာအုပ်အဖုံး)

                                                  မျက်နှာဖုံး                                                 နောက်ကျောဖုံး